-->
ဒီအောက်မှာဖော်ပြထားတာတွေကိုသေခြာဖတ်ရှုပါရန်။
Photo - 1
Photo - 2
Photo - 3
Photo - 4
Photo - 5
Photo - 6
Photo - 7
အထက်ပါ အချက်အလက်တွေကို လေ့လာပြီး သိရှိသွားပြီဆိုပါက မိမိရဲ့ Account or Page က Blue Mark ရနိုင်၊ မရနိုင်ဆိုတာကိုလည်း သိရှိသွားကြပြီထင်ပါတယ်။ ရနိုင်တယ်လို့ယူဆတယ်၊ ထင်တယ်ဆိုရင်တော့ အောက်ပါ Link မှာဝင်ရောက်ပြီး Blue Mark လျှောက်နည်းကြည့်ပြီး လျှောက်လို့ရပါပြီ။
Blue Mark ကို ကိုယ်တိုင်လျှောက်ကြည့်ချင်သူများအတွက်
ငါသုံးတဲ့ App က ဝယ်သုံးထားတာကွ၊ ဘယ်လောက်တောင်ပေးထားရတယ်၊ မင်းတို့က Free ရတဲ့ App တွေကိုသုံးတာဖြစ်မှာပေါ့ဆိုပြီး ဝယ်သုံးတာနဲ့ဝယ်မသုံးတာနဲ ့အပေါ်မှာခွဲခြားမှုလုပ်နေလို့မရပါဘူး။ မည့်သည့် App မဆို User info တွေကို တောင်းခံတယ်၊ စုဆောင်းတယ်၊ ပြန်လည်အသုံးချတာမျိုးတွေ လုပ်ကြတာချည်းပါပဲ၊ နည်းနည်းစီပဲကွာပါမယ်။
ငါက iOS သုံးတာကွ မင်းတို့လို Android သုံးတာမဟုတ်ဘူး၊ အဲ့ဒါကြောင့် အဲ့လိုတွေတော့မဖြစ်နိုင်ဘူးဆိုပြီး ကြွေးကြော်နေလို့မရပါဘူး။ လူသုံးများတဲ့ App တွေကို iOS အတွက်ရော Android အတွက်ပါရေးသားပေးထားကြတာများပါတယ်။ ဘယ် OS ပဲသုံးသုံး ဂျင်းထည့်တာတွေနဲ ့ကြုံတွေ့နိုင်ပါတယ်။
ဘယ် OS( iOS or Android ) ကိုပဲသုံးသုံး App တွေဆိုတာကတော့ မသုံးမဖြစ်သုံးနေရတာတွေရှိသလို၊ အမှန်တကယ်လိုအပ်လို့သုံးနေရတဲ့ App တွေလည်းရှိပါတယ်။ ဒီတော့ Safe ဖြစ်စေချင်တယ်ဆိုရင် ကိုယ်သုံးတဲ့ App တွေဟာ Official app ဟုတ်ရဲ့လားဆိုတာမျိုးတွေကိုလည်းစစ်ဆေးကြည့်ဖို့လိုပါတယ်။